မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လေးအိမ်စုတိုက်နယ် (၁) ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

မအူပင် မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော မအူပင်မြို့နယ်အတွင်းရှိ လေးအိမ်စု တိုက်နယ် (၁) ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တာဝန်ရှိသူများက ထိရောက်အောင်မြင်သော စည်းရုံးရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ ရပ်ကျေးပါတီ ကော်မတီဝင်များက လိုအပ်ချက်များ တင်ပြ ဆွေးနွေးခြင်း၊ ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးရန်နိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ လေးအိမ်စု တိုက်နယ် (၁) ရှိကျေးရွာ အုပ်စု (၁ဝ) ရွာမှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား ၃ဝကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။  ဖြိုးမောင်ဇော်(မအူပင်