ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်စာကြည့်တိုက်အတွက် အလှူငွေများလှူဒါန်း

 

နေပြည်တော် ဧပြီ ၂၃

ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေနှင့် နေပြည်တော်ခရိုင် ပါတီတို့က ယမန်နေ့ နံနက်၉နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်း ကျေးရွာအုပ်စု ရွှေခဲအင်းကျေးရွာ ဓမ္မကျောင်းတော် ရွှေရောင်အနာ ဂတ်ဓမ္မစကူးလ်စာကြည့်တိုက် ဆောက်လုပ်ရန် ပြည်ထောင်စုနယ် မြေပါတီမှ ကျပ်သုံးသိန်းနှင့် နေ ပြည်တော်ခရိုင်ပါတီမှ ကျပ်နှစ်သိန်း စုစုပေါင်း မတည်အလှူငွေကျပ် ငါးသိန်းကို ဆရာတော်ဦးမုနိန္ဒထံ ပေးအပ်လှူဒါန်းခဲ့ရာ ဆရာတော် က သာဓုအနုမောဒနာခေါ်ဆို၍ သီလပေးတရားဟောကြားပြီး ရေ စက်ချအမျှပေးဝေခဲ့သည်။

အဆိုပါ ဓမ္မစကူးလ်စာကြည့် တိုက်ဆောက်လုပ်ရန် မတည်ငွေ လှူဒါန်းရာသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ အတွင်းရေး မှူး ဦးဌေးဝင်း၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦး၊ ခရိုင် ကော်မတီဝင်ဦးအောင်မြင့်ကြိုင်၊ ဒေါ်ဖြူဖြူကျော်နှင့် ဒက္ခိဏသီရိ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များနှင့် ရပ်မိ ရပ်ဖများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)