နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

နတ်တလင်း ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြစိုး၊ အတွင်းရေးမှူးဦးကျော်မင်းထွဋ် နှင့် မြို့နယ်ပါတီကော်မတီဝင်များ သည် ယမန်နေ့ နံနက်၈နာရီခွဲ၌ သရက် တပင်ကျေးရွာအုပ်စု ဝန်တဲရွာ ဦးစိုးသန်း (ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌ)နေအိမ်တွင် ပြည်သူ့စကား ဝိုင်းပြုလုပ်ရာ ရပ်မိရပ်ဖများ၊ ပါ တီဝင်များ တက်ရောက်အကြံပြု ဆွေးနွေးကြသည်။

ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ တွင် မြို့နယ်ပါတီဥက္ကဋ္ဌဦးမြစိုးက ဒေသနေပြည်သူများ၏အခက်အခဲ များကို မိမိတို့ပါတီဝင်များက တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးကြရန်၊ ဒေသနေပြည်သူများ၏ စကားသံများကိုအစဉ်နားထောင်ပြီး ပါတီ၏လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေး အကြံပြုဆွေးနွေးကြရန် ပြောကြား ခဲ့သည်။ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ကအကြံပြုချက်များတင်ပြရာပါတီ အတွင်းရေးမှူးဦးကျော်မင်းထွဋ်က ပြန်လည်ဆွေးနွေးပြောကြားပြီး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ နံနက် ၁၁နာရီတွင် ပြီးစီးခဲ့ကြောင်း သိရ သည်။

တင်မြင့်(နတ်တလင်း)