ပုံတောင်ဝံသဖောင်ဒေးရှင်း တတိယအကြိမ်မြောက် ဆုနှင်းသဘင်နှင့်ဆုပေးပွဲအခမ်းအနားပြည်ခိုင်ဖြိုးတက်ရောက်လှူဒါန်း

 

ပုလဲ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ပုလဲမြို့နယ် ပုံတောင် တောင်တန်းဒေသ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ကြီးမှူးကျင်းပသော ပုံတောင်ဝံသ ဖောင်ဒေးရှင်း၏ တတိယအကြိမ် မြောက် စာအောင်သံဃာတော်များ ဆုနှင်းသဘင်နှင့် တက္ကသိုလ်ဝင် တန်းဂုဏ်ထူးရကျောင်းသားကျောင်း သူများအားဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ပုလဲ မြို့နယ် ဝက်ကျကျေးရွာ ဗုဒ္ဓဝါဒ ဓမ္မရောင်ခြည် ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ စစ် ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင်ပါတီကော်မတီဝင် ဦးမောင် မောင်ဝင်း (ပုလဲမြို့နယ်တာဝန်ခံ) နှင့်ပုလဲမြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင့် ဆွေ၊ အတွင်းရေးမှူး ဦးအောင်မြင့် ဦးနှင့် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များတက် ရောက်ကာအလှူငွေကျပ်တစ်သိန်း တိတိကို ဆက်ကပ်လှူဒါန်းခဲ့ သည်။

မောင်မောင်ဝင်း