ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ရွေးချယ် ဖွဲ့စည်းနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် ပျော်ဘွယ်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌  ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး များနှင့်အမှုဆောင်များ အင်အား ၅၉ ဦးတက်ရောက်ခဲ့သည်။

ခရိုင်ပါတီဥက္ကဋ္ဌကအဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌက ရွေးချယ်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားရာ မြို့နယ်ကော်မတီ လေးနေရာလစ်လပ်သည့်  အတွက် လွှတ်တော်ကိုယ်စားလှယ်များက ရှစ်ဦး၊မြို့နယ်ပါတီကရှစ်ဦး၊ ရပ်/ ကျေးစည်းမှူးနှင့် အမှုဆောင်များ ကရှစ်ဦးရွေးချယ်လျာထားရမည် ဖြစ်ကြောင်း၊သို့ဖြစ်ပါ၍ ရပ်/ကျေး စည်းမှူးများက ရှစ်ဦးရွေးချယ် အဆိုပြုရမည်ဖြစ်ကြောင်း ပြော ကြားသည်။

ဆက်လက်၍ရပ်/ကျေး အမှုဆောင်များက ရှစ်ဦးကိုအဆိုပြု ပြီးခရိုင်ပါတီ ဥက္ကဋ္ဌကနိဂုံးချုပ်အမှာ စကားပြောကြားကာအစည်းအဝေး ကိုရုပ်သိမ်း လိုက်ကြောင်းသိရသည်။

ဦးမျိုး(ပျော်ဘွယ်)