ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

ကြို့ပင်ကောက် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင် ဦးဝင်းမြင့် စိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ရုံးချောင်း အုပ်စု/ကျေးရွာရှိ ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးသောင်း ကြည်နေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်ဒေါ်တင့်တင့် ခိုင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် တိုင်းနာယက ဦးဝင်းမြင့်စိုးက အဖွင့်စကားနှင့် သိကောင်းစရာအကြောင်းများ ပြောကြားခဲ့သည်။

ယင်းနောက်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်ရေးမှူး ဦးသိန်းစိုး၊ ပါတီမြို့နယ်ကော်မတီဝင် နယ် မြေတာဝန်ခံဦးအေးထွန်း၊ မြို့နယ် ပါတီကော်မတီဝင်အမျိုးသမီးရေး ရာတာဝန်ခံဒေါ်သန္တာအောင်တို့က သိကောင်းစရာနှင့်သိမှတ်ဖွယ်ရာ များကို ပြောကြားသည်။

ဆက်လက်၍ပါတီ၏ရပ်/ကျေး ဥက္ကဋ္ဌဦးသောင်းကြည်က ကျေးဇူး တင်စကားပြောကြားပြီး ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး နှင့်အဖွဲ့၊ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးသောင်းကြည်တို့က ဒေသခံ များနှင့်အတူ ဖဲကြိုးဖြတ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင်နှင့်အတူ ဒေသခံများစုပေါင်းကာ မှတ်တမ်း တင် ဓာတ်ပုံများ ရိုက်ကူးခဲ့ ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)