တပ်ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် မတ် ၁၄

နေပြည်တော် တပ်ကုန်းမြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ကော် မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် နယ်မြေတာဝန်ခံဦးဖေအံ့မောင်၊ နေပြည် တော် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ နေပြည်တော်ခရိုင်ကော်မတီဝင် နယ်မြေ တာဝန်ခံဦးဇော်မျိုးသိန်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဝင်းဗိုလ်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီလုပ်ငန်းဆောင် ရွက်နေမှုနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဒေသ ဆိုင်ရာအချက်အလက်များ၊ ပြိုင်ဘက်ပါတီ များ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ မိမိ ပါတီ၏ အားနည်းချက်၊ အားသာချက်များ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး ပါတီ အောင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)