ပြည်ခိုင်ဖြိုးပါတီ web site တွင် post တင်ခြင်းနှင့် လူမှုကွန်ယက်များတွင် သတင်းရေးသားခြင်း သင်တန်းဖွင့်လှစ်

_DSC6181

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သော web site တွင် post တင်ခြင်းနှင့် လူမှုကွန်ယက်များတွင် သတင်းရေးသားခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (မေလ ၃၀)  ရက်နေ့ နံနက် ၈ နာရီခွဲက ပါတီဌာနချုပ်ရုံး သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမကြီးတွင် ပြုလုပ်ခဲ့သည်။

_DSC6196

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ တွဲဖက်အထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးမြတ်ဟိန်း၊ ဦးမောင်မောင်ဆွေ၊ ဦးစိုးနိုင်နှင့် သူရဦးမြင့်မောင် တို့တက်ရောက်ကြပြီး ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၄၂) ဦးတို့ တက်ရောက်ကြသည်။

_DSC6198 _DSC6199

ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသူသင်တန်းသားများသည် ပါတီ၏ မူဝါဒလမ်းစဉ်များအား ယုံကြည်မှု၊ ခံယူမှု များကြောင့် ပါတီဝင်အဖြစ် ခံယူထားကြသူများဖြစ်ကြောင်း၊ ပါတီရှင်သန်ခိုင်မာရေးအတွက် စည်းရုံးရေးစွမ်းအားသည် အဓိကကျကြောင်း၊ ပါတီ တွင်းစည်းလုံး ညီညွတ်မှုခိုင်မာရေး၊ ပြည်သူများအတွင်း စည်းရုံးရေးတို့အား ပါတီဝင်တိုင်း ဆောင်ရွက် ကြရန်လိုကြောင်း၊ ပါတီက နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ရည်ရွယ် ချမှတ်ထားသည်များအား ပြည်သူများသိရှိစေရန်နှင့် မိမိတို့ပါတီပုံရိပ်လုပ်ဆောင်မှုများအား သေးသိမ်မှေးမှိန်အောင် ဆောင်ရွက်မှုများ ရှိပါကလည်း တုန့်ပြန်ရှင်းလင်း ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် ယခု ဖွင့်လှစ်သည့် သင်တန်းမှ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ပါတီဝင်စည်းရုံးရေးမှူး ပီသစွာဖြင့် သင်တန်းမှ ဆွေးနွေးပို့ချမှုများအား အလေးအနက်မှတ်သားခံယူပြီး ထပ်ဆင့်ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီးနောက် သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

အေးကိုကို


Leave a Reply