ကျောက်မဲပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ကျောက်မဲ မတ်လ ၅ ရက်

ကျောက်မဲမြို့ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမတွင် ၂၀၁၉ မတ်လ ၅ ရက်နေ့ နေ့လည် ၁ နာရီတွင်ကျင်းပပြုလုပ်ခဲ့သည် ။

အခမ်းအနားသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမြင့် ကျောက်မဲမြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင် ဦးကောင်းစိန် ၊ ခရိုင်အတွင်းရေးမှူး ဦးသန်းထိုက်ဇော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးခင်ဇာမောင် အတွင်းရေးမှူး ဦးကျော်ကျော်ဦးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး/ကျေးရွာပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည် ။

အခမ်းအနားတွင် ခရိုင်ဥက္ကဌ ဦးဝင်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပါတီဥက္ကဌ ဦးခင်ဇာမောင်မှ အမှာစကားပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာသော မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး/ကျေးရွာ ပါတီဥက္ကဌများမှ ပါတီရေးရာ ကိစ္စရပ်များ ၂၀၂၀ ပါတီအောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြပြီး ခရိုင်ဥက္ကဌ ဦးဝင်းမြင့်မှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ၃ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည် ။

crdit >>> kyaw kyaw oo