ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့် ရွာသစ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး

 

ရွာသစ်မြို့ – မတ်လ၆

၂၀၁၉ခုနှစ် မတ်လ (၆)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန် ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ရွာသစ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရွာသစ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး ကျင်းပပြုလုပ်ပြီး ပထမဦး စွာ နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း ဖြင့် သီဆို ဖွင့်လှစ်ပါသည်။ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး လက်ရှိပါတီလုပ်ငန်း ဆောင်ရွက်ချက်များ လုပ်ငန်းလုပ်ထုံးလုပ်နည်းများ အသေးစိတ်ရှင်းလင်းလမ်းညွှန်မှာကြားသွားပါသည်။

ယင်းနောက် ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကျော်မြင့်က ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းပြီး ပါတီအားသာချက် အားနည်းချက်များ ဆွေးနွေး သွားပါသည်။

ယင်းနောက် ရွာသစ်မြို့ ပြည်ခိုင်ဖြိုးပါတီ လစ်လပ်လျှက်ရှိသောမြို့နယ် ကော်မတီဝင် (၂)ဦး အား ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းက တာဝန်ပေးခန့်အပ်လွှာ ပေးအပ်သွားပါသည်။ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးတာဝန်ခံ ဦးတင်ဦးက စည်းရုံးရေးရာကိစ္စ ရပ်များ လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေနှင့်​လက်​ရှိပါတီအတွင်း​ဆောင်​ရွက်​ချက်​များအားတင်​ပြ​ဆွေး​နွေးခြင်း လူငယ်ရေးရာ ဒု-တာဝန်ခံ ဒေါ်နန်းယဉ်သီတာထွေးက လူငယ်နှင့်အမျိုးသမီးရေး ရာကိစ္စရပ်များအသီးသီးဆွေးနွေးသွားပါသည်။

ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးကျော်သန်း ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုးရယ်နှင့် ဦးအေးရွှေ ဘောလခဲခရိုင် အတွင်းရေးမှူး ဦးချစ်ဦးမောင်တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသွားပါသည်။

ဆက်လက်ပြီး ရွာသစ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ ရပ်မိရပ်ဖများရပ်/ကျေးပါတီ ဥက္ကဌများမှ ရွာသစ်မြို့ ပါတီကိစ္စရပ်များ ရပ်ရွာလူထု အကျိုးပြုကိစ္စရပ်များ
ရေးရာကိစ္စရပ်များ အသီးသီးလိုအပ်ချက်များ အသေးစိတ် ဆွေးနွေးတင်ပြကြပါသည်။

ဆက်လက်ပြီး ဆွေးနွေးတင်ပြချက်များအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အသီးသီးမှ ပြန်လည် ရှင်းလင်း ဖြေကြားသွားပါသည်။

ယင်းနောက် ရွာသစ်မြို့ မေတ္တာမွန်ပရဟိတအသင်း အား ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်(၄)ဦးမှ အလှူငွေ ကျပ် (၆၀၀၀၀)ပေးအပ်လှူဒါန်းသွားပါသည်။

ထို့နောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားသွားပါသည်။

၎င်းတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်အတွင်းရေးမှူး ဦးကျော်မြင့် ဘောလခဲ မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်နှင့် ဦးအေးရွှေ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦးနှင့် ဒေါ်နန်းယဉ်သီတာထွေး ဘောလခဲခရိုင် အတွင်းရေးမှူး ဦးချစ်ဦးမောင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဟန်ထူးနှင့် မြို့နယ် ကော်မတီဝင်များ ရပ်ကျေးစည်းရုံးရေး ဥက္ကဌများ စုစုပေါင်းအင်အား (၃၀)ကျော်တက် ရောက်ကာ အစည်းအဝေးကို နေ့လည် ( ၁၂း၀၀ ) နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်းနှင့် ယနေ့နေ့ခင်း (၂း၀၀)နာရီအချိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့သည် ဘောလခဲ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ဘောလခဲခရိုင်နှင့် မြို့နယ် ပါတီများနှင့် ထပ်မံတွေ့ဆုံ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ထာဝရ မြေချစ်သူ