ကနီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကင်းကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ကနီ မတ် ၅

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်ကင်းကျေးရွာအုပ်စုမိချောင်းပုန်းကျေးရွာ ရပ်/ကျေးပါတီဥက္ကဋ္ဌနေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီက ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ကနီမြို့ နယ် ပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ နယ်မြေတာဝန်ခံ ပါတီကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ ပါတီဝင်များ တက် ရောက်ခဲ့ကြပြီး အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပြီး ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများ အားပါတီမှထုတ်ဝေသော အိတ်ဆောင်ပြက္ခဒိန် များနှင့်ပါတီသော့ချိတ်များ ပေးဝေကာ အခမ်းအနားပြီးစီးခဲ့သည်။

အောင်မျိုးထွန်း(ကနီလူငယ်)