ရှင်အပါး(၁ဝဝ) အလှူတော်မင်္ဂလာကျင်းပရန် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် အလှူငွေလှူဒါန်း

 

မန္တလေး ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ မင်္ဂလာတပ်ဦးကျောင်းတွင် မဟာဝိဇယ ဆရာတော်ကြီးကကြီးမှူး၍ သာသနာပြု ယောဂီအဖွဲ့မှကျင်းပမည့် ရှင်အပါး(၁ဝဝ) အလှူတော်မင်္ဂလာ ကျင်းပရန်အတွက် မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများအား ယမန်နေ့ညနေ ၅ နာရီ ခွဲက မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂) ရပ်ကွက် ၃၉/၄ဝလမ်းကြား၊ လမ်း(၆ဝ)ရှိ မဟာဝိဇယကျောင်းတိုက်တွင် ပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က မဟာဝိဇယ ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တ ဝိစာရထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ပေးအပ်လှူဒါန်းရာသို့ပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးဝင်းမောင်နှင့်အတူ တိုင်းဒေသ ကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေး ခရိုင်ပါတီဥက္ကဋ္ဌဦးဘိုသင်း၊ မဟာအောင် မြေမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်သန်း၊ မြို့နယ် ကော်မတီဝင်များဖြစ်ကြသော ဦးမြအောင် (ဘဏ္ဍာရေးမှူး)၊ဒေါ်ရီရီမြင့် (အမျိုးသမီး ကဏ္ဍ/နယ်မြေ တာဝန်ခံ)၊ဦးသန်းထွန်းတို့ တက်ရောက်ပေးအပ်လှူဒါန်းခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ မင်္ဂလာတပ်ဦးကျောင်းတွင် မဟာဝိဇယ ဆရာတော်ကြီးက ကြီးမှူး၍ သာသနာပြု ယောဂီအဖွဲ့မှကျင်းပမည့် ရှင်အပါး(၁ဝဝ) အလှူတော်မင်္ဂလာကျင်းပရန်အတွက် မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများမှာ ပြည်ခိုင်ဖြိုးပါတီ ဗဟို အတိုင်ပင်ခံဦးရဲမြင့်နှင့် ဇနီးဒေါ်မြတ်ငွေ မိသားစုကအလှူငွေကျပ် သုံးသိန်း၊ တိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီမှအလှူငွေကျပ် တစ်သိန်း၊ မဟာအောင်မြေမြို့နယ်ပါတီ ကော်မတီဝင်ဒေါ်ရီရီမြင့်မိသားစုကအလှူ ငွေကျပ်တစ်သိန်းနှင့်အတူ ဆန်သုံးအိတ် အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)