အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ပဖွံ့ဖြိုးရေးပါတီမှ မြတ်စိတ်ထားတက္ကသိုလ်ဝင်တန်း ပညာဒါန သင်တန်းကျောင်းသို့ စာသင်ခုံများလှူဒါန်း

 

မန္တလေး ဇွန် ၂၃

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ ဣစ္ဆာသယ ရွှေမန်း ဆရာတော်ဘဒ္ဒန္တက ဝိဓဇဦးစီး တည်ထောင်ထားသော ‘မြတ်စိတ်ထား’တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်း ကျောင်းသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီက စာသင်ခုံ ၂၅ ခုံအား သွားရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမျိုးမြင့်နှင့်အဖွဲ့မှ ဣစ္ဆာသယရွှေမန်း ဆရာတော် ဘဒ္ဒန္တကဝိဓဇထံသို့ စာသင်ခုံများ ပေးအပ်လှူဒါန်းခဲ့ပြီး ဆရာတော်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ချီး မြှင့်ခဲ့သည်။

လှူဒါန်းရာသို့ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ဖြစ်ကြသော ဦးမျိုး မြင့်၊ ဦးကျော်စန်း၊ မန္တလေးခရိုင် ပါတီဥက္ကဋ္ဌ ဦဘိုသင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးညီညီမင်း၊ အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကိုကိုလေးနှင့် မြို့နယ် ပါတီကော်မတီဝင်များ လိုက်ပါခဲ့ ကြကြောင်း သိရသည်။

သုတ(မန္တလေး)