အသက်ကယ်ရေပေါ်ဝတ်စုံလှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ တွင် သြဂုတ် ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲ၌ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး   နယ်မြေတာဝန်ခံ ဦးသန်းဌေးက ရေကြီးရေလျှံဖြစ်ပေါ်နေသော အုန်နှဲချောင်းကျွန်းဘုန်းတော် ကြီးငါးပါးအတွက် အသက်ကယ်ရေးပေါ်ဝတ်စုံငါးစုံကို နယ်မြေတာဝန်ခံရပ်/ကျေး စည်းရုံးရေးမှူး ;ဦးဆန်နီဝင်းထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)