နိုင်ငံတကာအလေးမပြိုင်ပွဲတွင် မြန်မာက ကြေးတံဆပ်သုံးခုရရှိ

မြန်မာအလေးမအဖွဲ့မှ ကြေးတံဆိပ်ရရှိခဲ့သည့် ရဲရင့်နိုင် ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − အလေးမအဖွဲ့ချုပ်)

 

ထိုင်းနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ အလေးမပြိုင်ပွဲတွင် မြန်မာအလေးမအဖွဲ့က ကြေးတံဆိပ်သုံးခု ရရှိခဲ့သည်။

အဆိုပါ (2nd EGAT ‘s King Cup Senior International Weightlifting Championship 2019) ပြိုင်ပွဲကို ဖေဖော်ဝါရီ  ၂ ရက်မှ ၆ ရက် အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး မြန် မာအလေးမအဖွဲ့မှ ကစားသမား သုံးဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယင်းပြိုင်ပွဲ၏ အမျိုးသား ၈၁ ကီလိုတန်း အလေးမပွဲစဉ် တွင် မြန်မာကစားသမား ရဲရင့်နိုင် က အမြန်မ ၁၂၈ ကီလို၊ နှစ် ဆင့်မ ၁၅၈ ကီလို၊ စုစုပေါင်း၂၈၆ ကီလိုဖြင့်   ကြေးတံဆိပ်ဆုရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင်  အိမ်ရှင်ထိုင်းကစားသမား နှစ်ဦး က ၃၀၂ ကီလိုဖြင့် ရွှေတံဆိပ်၊  ၂၉၄ကီလိုဖြင့် ငွေတံဆိပ် အသီးသီး ဆွတ်ခူးခဲ့သည်။

အမျိုးသမီး ၅၅ ကီလိုတန်း အလေးမပွဲစဉ်တွင် အေးမြတ်မွန် က ၇၆ ကီလို၊ နှစ်ဆင့်မ ၉၀ ကီလို၊ စုစုပေါင်း ၁၆၆ ကီလိုဖြင့် ကြေးတံဆိပ်ရရှိပြီး ယင်းပွဲစဉ်၌ ထိုင်းကစားသမားနှစ်ဦးက ၁၆၉ ကီလိုဖြင့် ငွေတံဆိပ်၊ ၁၇၇ကီလိုဖြင့် ရွှေတံဆိပ်အသီးသီးဆွတ်ခူးခဲ့သည်။

အမျိုးသမီး ၅၉ ကီလိုတန်း  အလေးမပွဲစဉ်တွင် သင်းသင်းစု က အမြန်မ ၇၅ ကီလို၊ နှစ်ဆင့် မ ၁၀၁ ကီလို၊ စုစုပေါင်း ၁၇၆ ကီလိုဖြင့် ကြေးတံဆိပ်ရရှိပြီး ယင်းပွဲစဉ်၌ ထိုင်းကစားသမားနှစ်ဦး က ၁၈၉ ကီလိုဖြင့် ငွေတံဆိပ်၊ ၁၉၃ ကီလိုဖြင့် ရွှေတံဆိပ်အသီးသီး ဆွတ်ခူးခဲ့သည်။

အဆိုပါ နိုင်ငံတကာ အလေးမပြိုင်ပွဲတွင် မြန်မာအလေးမ အဖွဲ့အပါအ၀င် အိမ်ရှင် ထိုင်း၊ စင်ကာပူ၊ လာအို၊ ကိုရီးယား၊ ဟောင်ကောင်စသည့် နိုင်ငံတို့မှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။   7days