လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူများသို့ ဆန်နှင့် ဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

 

ရန်ကုန် ဖေဖော်ဝါရီလ ၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက်၇နာရီမှ စ၍ ကျုံစုကျေးရွာတွင် ဆန်နှင့်ဆီများကို အထူးလျှော့ဈေးနှုန်းဖြင့် ပြည်သူ များလက်ဝယ်သို့အရောက် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။မြို့နယ်ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လှိုင် သာယာမြို့နယ် အတွင်းရှိ ရပ်ကွက်ပေါင်း (၂ဝ)၊ ကျေးရွာအုပ်စုကိုးအုပ်စုတို့အား ရွေ့ လျားအစီအစဉ်ဖြင့် အလှည့်ကျရောင်းချ ပေးခဲ့ပြီး ပြည်သူများ၏စားဝတ်နေရေး ကျပ်တည်းမှုများကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် ဆန်နှင့် ဆီများကို ရပ်ကွက် ကျေးရွာများသို့ အရောက်သွားကာ တစ်လမ်းဝင်တစ်လမ်း ထွက် ရောင်းချလျက်ရှိသည်။

ထိုသို့ရောင်းချပေးသည့်နေရာသို့ လှိုင် သာယာမြို့နယ်ပါတီဥက္ကဋ္ဌဦးဇေယျာအောင်၊ ဆန်အရောင်းတာဝန်ခံ ဦးဝဏ္ဏထွန်း၊ ဦးအောင်ကျော်မိုး၊ ဦးသစ်လွင်နှင့် မြို့နယ် ကော်မတီဝင်များ၊ တာဝန်ခံဦးအောင်ကျော် မိုးနှင့် ဦးမြင့်သိန်း၊ အမှတ် (၁၈)ရပ်ကွက် ပါတီဥက္ကဋ္ဌဦးဝင်းငြိမ်းနှင့်ကော်မတီဝင်များ၊ ပါတီလူငယ်များမှကြီးကြပ်ပြီး ပြည်သူများ သို့ရောင်းချပေးလျက်ရှိရာ (မနောသုခဆန် ရှယ်)တစ်ပြည်လျှင် ကျပ်၁ဝဝဝနှုန်း၊ စား အုန်းဆီ တစ်ပိဿာလျှင် ကျပ်၁၆ဝဝ နှုန်း ဖြင့် လိုသလောက်ရောင်းချပေးလျက်ရှိ သည်။

မြင့်သိန်း(လှိုင်သာယာ)