ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇန်နဝါရီ ၃ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Jong Ho Bom အား ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် နေပြည် တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး နှင့်နှစ်နိုင်ငံပါတီအချင်းချင်းဆက်ဆံ ရေးကိစ္စများအား ဆွေးနွေးခဲ့ကြ သည်။အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟို အလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင် နှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦးနှင့် နိုင်ငံတကာရေး ရာကော်မတီဌာနမှူး ဦးမြင့်ကိုကို တို့ တက်ရောက်ပြီး H.E.Mr. Jong Ho Bom နှင့်အတူ အဖွဲ့ဝင်တစ်ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။