ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

ဝမ်းတွင်း ဇန်နဝါရီ ၃ဝ

ဝမ်းတွင်းမြို့နယ် ရွှေဖလားကန်အုပ်စုရွှေဖလားကန်(မြောက်)ရွာတွင် ဆိုင်းဘုတ်တင်အခမ်းအနား နှင့် ရေနွေးကြမ်းစကားဝိုင်းကို ယနေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်း၊ အတွင်းရေးမှူး ဦးမောင်မောင်ချို၊ နယ်မြေတာဝန်ခံဒေါ်လှလှဝင်း၊ မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌများ၊ ရပ်/ကျေးပါတီဝင် များ၊ ကေဒါများ၊ ပါတီကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။