ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဖျာပုံခရိုင် မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ဖျာပုံ၊ ဒီဇင်ဘာ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့နံနက် ၁ဝ နာရီက ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခန်းမ၌ ခရိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က ပါတီ၏ရှေ့လုပ်ငန်းစဉ်များနှင့် ပါတီအောင်နိုင်ရေး အတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်မြေဒေသအတွင်းရှိ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များအား အမြဲမပြတ်ထိတွေ့မှုရှိပြီး ပါတီဝင်သစ်များတိုးပွားအောင် စည်းရုံးဆောင်ရွက်ရေးတို့အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ဖျာပုံခရိုင်ဥက္ကဋ္ဌ ဦးစန်းမောင်နှင့် ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဘိုကလေးမြို့နယ်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီ ကော်မတီဝင်များက အသီးသီးဆွေးနွေးတင်ပြရာ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ဆုံပွဲကို မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။