ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေလည်ကျွန်းကျေးရွာတွင် ပါတီဝင်များစိစစ် ရေနွေးကြမ်းစကားဝိုင်းဖွဲ့ဆွေးနွေး

 

ကနီ ဇန်နဝါရီ ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင်ကနီမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တဇယ်ချောင်ကျေးရွာအုပ်စု ရေလည်ကျွန်းကျေးရွာ ရပ်မိ ရပ်ဖများ၊ ပါတီဝင်များနှင့် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရပ်ကျေး ပါတီဥက္ကဋ္ဌနေအိမ်၌ တွေ့ဆုံ၍ ပါတီဝင်များ စိစစ်ခြင်းနှင့်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကိုရေနွေးကြမ်း စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲသို့မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ ကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင် များ၊ ရပ်ကျေးလူငယ်ရေးရာအဖွဲ့ များနှင့်ရပ်ကျေးအမျိုးသမီးရေးရာ အဖွဲ့များ စုစုပေါင်းအင်အား ၄ဝ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီခွဲတွင် ပြီးစီးခဲ့သည်။

အောင်မျိုးထွန်း