ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လင်ပုန်းရည်ကျေးရွာတွင် ပါတီဝင်များနှင့် ရေနွေးကြမ်းဝိုင်း တွေ့ဆုံဆွေးနွေး

 

ကနီ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လင်ပုန်းရည်ကျေးရွာ အုပ်စု၊ လင်ပုန်းရည်ကျေးရွာ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့်ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရပ်/ကျေးပါတီ ဥက္ကဋ္ဌနေအိမ်၌တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ရေနွေးကြမ်းဝိုင်းဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ခရိုင်ပါတီကော်မတီဝင် ဦးချစ်မွှေး (ကနီ မြို့နယ် တာဝန်ခံ)၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ၊ ရပ်ကျေးလူငယ်ရေးရာအဖွဲ့များနှင့် ရပ်/ကျေးအမျိုးသမီးရေးရာအဖွဲ့ များတက်ရောက်ခဲ့ကြသည်။

အောင်မျိုးထွန်း