ဆန္ဒပြသူများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်မည့်ဥပဒေပြဌာန်းရန် စီစဉ်နေခြင်းကြောင့် ပြင်သစ်အစိုးရအား ဝေဖန်မှုများပြင်းထန်လာ

ဆန္ဒပြသူများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်မည့်ဥပဒေပြန်ဌာန်းရန် စီစဉ်နေခြင်းကြောင့် ပြင်သစ်အစိုးရအား ဝေဖန်မှုများ ပိုမို ပြင်းထန်လာကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

ပြင်သစ်ဝန်ကြီးချုပ် ဖီးလစ်က နိုင်ငံအတွင်း၌ နှစ်လနီးပါးခန့် ကြာမြင့်လာပြီဖြစ်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် တည်ဆဲဥပဒေများကို ချိုးဖောက်မှုအများအပြား ပါဝင်ခဲ့သည့်အပြင် ပြည်သူပိုင်ပစ္စည်းများအား ပျက်စီစေခဲ့သည့် အပြုအမူများကိုပါ မြင်တွေ့ခဲ့ရခြင်းကြောင့် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခြင်း သို့မဟုတ် ဆန္ဒပြနေစဉ်အတွင်း မျက်နှာဖုံးစွပ်ခြင်းကဲ့သို့ မည်သူမည်ဝါဟု မသိရှိအောင် ပြုလုပ်ခြင်းများကို ပြင်းပြင်းထန်ထန် အရေးယူမည့် ဥပဒေသစ်ပြဌာန်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြို့တော်ပဲရစ်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း၌ လုံခြုံရေးအဖွဲ့ဝင်များနှင့် ဆန္ဒပြမှုများကြားတွင် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အပြင် ဆန္ဒပြသူမျးက လမ်းများပေါ်ရှိ မော်တော်ယာဉ်များနှင့် အများပြည်သူပိုင် ပစ္စည်းများအား ဖျက်ဆီးမှု ပြုလုပ်ခဲ့ခြင်းများကြောင့် ပြင်သစ်အစိုးရသည် ပြစ်ဒဏ်များ တိုးမြှင့်ထားသည့် ဥပဒေအားပြဌာန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ဆန္ဒပြသူများဘက်မှ အစိုးရရုံးများအား ပိတ်ဆို့ရန် ကြိုးပမ်းလာခြင်းကြောင့်လည်း ဥပဒေသစ် ပြဌာန်းရန် စီစဉ်ခြင်းဖြစ်ဖွယ်ရှိသည်။

—Ref: BBC