မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်များအသုံးပြုမည်ဆိုပါက တောင်ကိုရီးယားနှင့် အမေရိကန် တို့က ထိရောက်စွာတုံ့ပြန်ရန် စီစဉ်ထားသည်ဟု အိမ်ဖြူတော်က သတိပေး

မြောက်ကိုရီးယားအနေဖြင့် နျူကလီး ယားလက်နက်များ အသုံးပြုမည်ဆိုပါက အ မေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းပြီး ထိရောက်စွာ တုံ့ပြန်ရန် စီစဉ်ထားသည်ဟု အိမ်ဖြူတော်က ဇန်နဝါရီ ၃ ရက်တွင် သတိပေးခဲ့သည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် အသုံးပြုမှုအပါအဝင် အနာဂတ် ဖြစ်နိုင်ခြေများကို ထိရောက်စွာ ပူးပေါင်းတုံ့ပြန်ရေး အစီအစဉ်ဆွဲရန် ၎င်းတို့၏ အဖွဲ့များကို တာဝန်ပေးခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ပြောရေးဆိုခွင့်ရှိသူက အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု အပေါ် မဟာမိတ်များ၏ တုံ့ပြန်မှု အပေါ် မီဒီယာ သတင်းထုတ်ပြန်မှုများ ပေါ်ပေါက်ခဲ့ပြီး မရေရာမှုများ ဖြစ်ပွားခဲ့ပြီး နောက် NSC က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂ ရက်က တောင်ကိုရီးယားနှင့် ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှုများ ဖြစ်နိုင်ခြေရှိ မရှိ မေးမြန်းခံရ ချိန်တွင် ဘိုင်ဒင်က ဖြစ်နိုင်ခြေမရှိဟု ဖြေကြားခဲ့သဖြင့် ယင်းပြောကြားချက်သည် အစောပိုင်းက တောင်ကိုရီးယား သမ္မတ ယွန်း၏ မှတ်ချက်စကားများနှင့် သိသာစွာ ခြားနားခဲ့သည်။ ယင်းအကြောင်းအရာနှင် ပတ်သက်ပြီး NSC ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းသည့်အနေဖြင့် တောင်ကိုရီးယားတွင် ကိုယ်ပိုင်နျူကလီးယားလက်နက် များမရှိ သဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ရွေးချယ်စရာ တစ်ခုမဟုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မည်သို့ပင်ဆိုစေ အမေရိကန်သည် မိမိတို့ မဟာမိတ်ကို အပြည့်အဝ အာမခံထားပြီး အမေရိကန်၏ ကာကွယ်ရေး လုပ်နိုင်စွမ်းများ၏ အပြည့်အဝ လွှမ်းခြုံမှုမှတစ်ဆင့် ချဲ့ထွင်ခဲ့သည့် အဟန့်များကို ထောက်ပံ့ပေးနေသည်ဟု NSC ပြောရေးဆိုခွင့်ရှိသူ ကဆိုသည်။

တောင်ကိုရီးယားသမ္မတရုံးကထုတ်ပြန်သည့် အစီရင်ခံစာတွင်မူ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များကို တုံ့ပြန်ရန် အမေရိကန်၏နျူကလီးယား ပိုင်ဆိုင်မှု၏ စစ်ဆင်ရေးနှင့် စပ်လျဉ်းပြီး မဟာမိတ်နှစ်နိုင်ငံသည် သတင်းအချက်အလက်မျှဝေမှု၊ ပူးပေါင်းအစီအစဉ်ရေးဆွဲမှုနှင့် အစီအစဉ်များကို ပူးတွဲအကောင်အထည်ဖော်မှုတို့ လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ မြင့်တက်လာမှုကို တန်ပြန်ရန် အတွက် အမေရိကန်၏ နျူကလီးယားလက်နက်များ ပါဝင်သည့် ပူးတွဲလေ့ကျင့်မှုများနှင့် စီမံချက်များအတွက် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားက ဇန်နဝါရီ ၃ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားကိုပစ်မှတ်ထားသည့် စစ်မြေပြင်သုံး နျူကလီးယား လက်နက်များကို အမြောက်အမြားထုတ်လုပ်ကာ အမေရိကန်အား တိုက်ခိုက်နိုင်စွမ်းရှိသော စွမ်းပကား ပိုမိုမြင့်မား သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ထုတ်ဖော်ပြသသွားမည်ဟု ပြောကြားခဲ့ပြီး နောက်တွင် တောင်ကိုရီးယား၏ ပြောကြားချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအပါအဝင် ဒုံးကျည်စမ်းသပ်မှုများ စံချိန်တင်ပြုလုပ်ခဲ့သည်။