တရုတ်ခရီးသွားများကို COVID-19စစ်ဆေးခြင်းသည် သိပ္ပံနည်းကျလုပ်ဆောင်မှုဖြစ်သည်ဟု အမေရိကန်ပြောကြား

တရုတ်နိုင်ငံမှ ခရီးသွားများကို ကိုရိုနာ ဗိုင်းရပ်စ်စစ်ဆေးရန်လိုအပ်ချက်သည် သိပ္ပံပညာရပ်အပေါ် အခြေခံပြီး တရုတ်အစိုးရ၏ မြင့်တက်နေသော ကူးစက်မှုများအပေါ်ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု အမေရိကန်က ဇန်နဝါရီ ၃ ရက်တွင် ပြော ကြားခဲ့သည်။ အသက်နှစ်နှစ်နှင့်အထက် လေကြောင်းခရီးစဉ်မှ ခရီးသွားများအနေဖြင့် အမေရိကန်သို့ ဝင်ရောက်ရန်အတွက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိကြောင်း ပြသရန် လိုအပ်လိမ့်မည် မထုတ်ပြန်မီ နှစ်ရက်အလိုတွင် ၎င်းတို့၏ခရီး သွားများအပေါ် နိုင်ငံအများအပြားကချမှတ်ထားသော ကန့်သတ်ချက်အစီအမံများသည် လက်ခံနိုင်စရာမရှိဟု တရုတ်နိုင်ငံကဇန်နဝါရီ ၃ ရက်အစောပိုင်းတွင် ပြစ်တင်ရှုတ်ချခဲ့သည်။

“ဒါဟာ တစ်ခုတည်းသောသိပ္ပံပညာရပ်အပေါ် အပြည့်အဝေအခြေခံတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်”ဟု နိုင်ငံခြား ရေးဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောကြားခဲ့သည်။ COVID-19 ကူးစက်မှုမြင့်တက်ခြင်းနှင့် ရောဂါမျိုး ဗီဇနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိသည့်အတွက် ယင်းကန့်သတ်ချက်အစီအမံများတွင် ပြည်သူ့ကျန်းမာရေးစိုးရိမ်မှုများပါရှိသည်”ဟု ပရိုက်စ်က ပြောကြားခဲ့သည်။         အမေရိကန်အနေဖြင့် ၎င်း၏ကိုဗစ် ကာကွယ်ဆေးကို တရုတ်နိုင်ငံနှင့် မျှဝေရန်အဆင်သင့်ဖြစ်နေသည်ဟု ပရိုက်စ်ကထပ်လောင်း ပြောကြားခဲ့ပြီး တရုတ်သည် ၎င်း၏ပြည်တွင်းထုတ် ကာကွယ်ဆေးများကို ပြည်ပနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာခဲ့ သော်လည်း နိုင်ငံတကာကျန်းမာရေးဆိုင်ရာ ကျွမ်း ကျင်သူများက ထိရောက်မှုနည်းပါးသည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတစ်ဝန်းတွင် Lockdown ချမှတ်မှုအပေါ် ရှားပါးပြည်သူ့ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကိုဗစ်ကင်းစင်ရေးမူဝါဒကို ရုတ်တရက် အဆုံးသတ်ခဲ့ပြီး နောက်ကူးစက်မှုနှုန်း မြင့်တက်လာခဲ့သည်။ သို့သော် တရုတ်သမ္မတ ရှီကျင်းပင်က “ကျွန်တော်တို့ရှေ့မှာ မျှော်လင့်ချက်အလင်းရောင်ရှိနေပါပြီ”ဟု ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးပေါ်ပေါက်လာခဲ့ပြီးနောက်သုံးနှစ်အကြာတွင် ပေကျင်း မြို့တော် ၌ လွန်ခဲ့သည့်လအတွင်း ကိုဗစ်ကင်းစင်ရေးမူဝါဒဟု လူသိများသည့် ၎င်း၏သဘောထားတင်းမာသော မူဝါဒကို စတင်ရုပ်သိမ်းခဲ့သည်။ ထိုအချိန်ကတည်းက တရုတ်ဆေးရုံများတွင် အထူးသဖြင့် သက်ကြီးရွယ်အို လူနာများဖြင့် ပြည့်နေပြီး စျာပနပြုလုပ်သည့်နေရာများတွင်လည်း အပြည့်အကျပ်ဖြစ်နေကာ ဆေးဆိုင်အများအပြား တွင် အဖျားပျောက်ဆေး ပြတ်လပ်နေကြသည်။ “ကူးစက်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဟာ ပြောင်းလဲ တိုးတက် ဖြစ်ပေါ်မှုအဆင့်သစ်တစ်ရပ်ထဲကို ဝင်ရောက်နေပါပြီ။ လူတိုင်းဟာ ပြတ်ပြတ်သားသား အလုပ်လုပ် နေကြပြီး ကျွန်တော်တို့ရှေ့မှာ မျှော်လင့်ချက် အလင်းရောင်ရှိနေပါပြီ”ဟု ရှီဟုနှစ်သစ်ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

COVID-19 ကူးစက်မှုများမြင့်တက်နေချိန်တွင် လိုအပ်မည်ဆိုပါက အကူအညီပေးမည်ဟု ထိုင်ဝမ်သမ္မတ ဆန်အင်ဝမ်ကလည်းဇန်နဝါရီ ၁ ရက်တွင် ကမ်းလှမ်းခဲ့ပြီး ထိုင်ဝမ်၏အကူအညီသည် လူအများအပြားအား ကပ်ရောဂါမှ လွတ်မြောက်စေရန် အကူအညီ ဖြစ်စေပြီး ပိုမိုကျန်းမာကာ ဘေးကင်းသည့်နှစ်သစ်ဖြစ်စေရန် မျှော်လင့်သည်ဟုလည်း ဆန်က ဆိုသည်။