ပါတီဆိုင်းဘုတ်အသစ်ပြန်လည်တင် နိုင်ငံရေးစကားဝိုင်းပြုလုပ်

ရန်​ကုန်​၊​ရွှေပြည်​သာ၊၂၀၁၈၊ဒီဇင်​ဘာ၊၂၃

ရန်​ကုန်​တိုင်းဒေသကြီး၊​မြောက်​ပိုင်းခရိုင်​၊​ရွှေပြည်​သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆိုင်းဘုတ် အသစ် ပြန်လည်တင်ခြင်းနှင့် နိုင်ငံ ရေးစကားဝိုင်း အခမ်းအနားကို ယ​နေ့နံနက်​၉နာရီက အမှတ်​၄ရပ်​ကွက်​ပါတီ ဥက္ကဋ္ဌဦးနိုင်​ဦး၏နေအိမ်တွင် ပြု လုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးလင်း​အောင်​​အောင်​ နှင့် မြို့နယ်​ကော်မတီ ဝင်များ၊ ရပ်​​ကျေးပါတီဥက္ကဋ္ဌ ဦးနိုင်​ဦးနှင့် အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များတက် ရောက်ခဲ့ပါသည်။ ဆိုင်းဘုတ်အား တာဝန်ရှိသူများမှ အမွှေးနံ့သာများ ပက်ဖျန်းကာဖွင့်လှစ်ခဲ့ပြီး တက်​ရောက်လာသူများနှင့်ယနေ့ဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများ ကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့​နောက်​ မြို့နယ်​ပါတီဥက္ကဌဦးလင်း​အောင်​​အောင်​မှအမှာစကား​ပြောကြားခြင်း၊မြို့နယ်​​ကော်​မတီဝင်​​ဒေါ်ချမ်းမြ​အေးမှ​ကျေးဇူးတင်​စကား​ပြောကြားခြင်းနှင့်​ရပ်​​ကျေးပါတီဥက္ကဌဦးနိုင်​ဦးမှလည်း၂၀၂၀ပါတီအနိုင်​ရ​အောင်​မြင်​​ရေးမိမိဘက်​ကကြိုးစား​ပေးသွားမည်​ဖြစ်​​ကြောင်း​​ပြောကြားရင်း ဆိုင်းဘုတ်​တင်​ပွဲအခမ်းအနားကို​အောင်​မြင်​စွာရုတ်​သိမ်းခဲ့ပါသည်​။

ရွှေပြည်​သာမြို့နယ်ပါတီအနေဖြင့် ဟောင်းနွမ်းနေသော ပါတီဆိုင်း ဘုတ်များအား ကောင်းမွန်ရေး အတွက် အသစ်ပြန်လည်တင်ခြင်း များပြုလုပ်လျက်ရှိရာ ရပ်​ကွက်​၁၈ရပ်​ကွက်​ ပြီးစီးပြီးဖြစ် ကြောင်း သိရသည်။

ချမ်းမြ​အေး (​ရွှေပြည်​သာ)