ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ် ဗမာအေးရပ်ကွက် အေး စေတီလမ်း ‘အေးစေတီပရဟိတ အဖွဲ့’မှကြီးမှူးကျင်းပသောဒုတိယ အကြိမ်မြောက် ဆွမ်းအောင်ပွဲဓမ္မ ပူဇာ အထူးတရားပွဲတွင် တရား ဟောဆရာတော်များနှင့် တရားနာ ဧည့်ပရိသတ်များ အေးချမ်းစွာ တရားနာယူနိုင်စေရန် အေးစေတီ လမ်းတစ်လျှောက် ခြင်ဆေးမှုတ် ခြင်း၊ ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲ အထိဆောင်ရွက်ပေးခဲ့ကြောင်း သိ ရသည်။

ထိုသို့ဆောင်ရွက်မှုကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှမြင့် ဦးဆောင်၍ အတွင်းရေးမှူး ဦးမောင်မောင်သန်း၊ မြို့နယ်ကော် မတီဝင်များ၊ ရပ်ကွက်ပါတီကော် မတီဝင်များ၊ ဗမာအေးရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦး ကျော်မြင့်နှင့် ရပ်ကွက်ပါတီကော် မတီဝင်များ၊ လမ်းသူလမ်းသား များဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ဝင်းကျော်(ဒေါပုံ)