ပါတီဗဟိုအလုပ်အမှုဆောင် ဘုတလင်မြို့နယ် ပါတီကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ဘုတလင် ဒီဇင်ဘာ ၁၉

ဘုတလင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့မွန်းလွဲ ၁နာရီခွဲတွင်ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်းနှင့် မြို့နယ်ကော်မတီဝင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင်မုံရွာခရိုင် တာဝန်ခံများဖြစ်ကြသည့်ဒေါက်တာဝင်းမြင့်အောင်၊ ဒေါ်ညွန့်ညွန့်ဌေး၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ ခရိုင်ကော်မတီဝင် ဘုတလင် မြို့နယ် တာဝန်ခံဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရွှေကျီစု(ဘုတလင်)