ပန္နက်ရိုက် မင်္ဂလာအခမ်းအနားသို့တက်ရောက်ပြီး လှူဖွယ်ပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ်မြောက်ပိုင်း  နမ့်ခမ်းမြို့နယ် ဆာလူကျေးရွာအုပ်စု ကြူဆိုင်းရွာ ရွှေကံကော်တောင်ပေါ်တွင် တည်ထားကိုးကွယ်မည့် ရွှေတိဂုံပုံတူအောင်တော်မူ စေတီတော်မြတ်ပန္နက်ရိုက် အခမ်းအနားသို့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပါတီဝင် ဦးမိုင်းလှအောင်၊ နမ်းခမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုင်းထွန်းအောင် ဦးဆောင်သောအဖွဲ့တက်ရောက်ကြည်ညိုပြီး လှူဒါန်းဖွယ်ရာများဆပ်ကပ်လှူဒါန်းခဲ့ကြ ကြောင်းသိရှိရပါသည်။