တမူးမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးလျက်ရှိ

 

ကြားဖြတ်ရွေးကောက်ပွဲအတွက် (USDP)မှ စစ်ကိုင်းတိုင်းဒေသ ကြီး တမူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာက ယနေ့ အခမ်းအနားများ ဖြင့် လူစုဝေးကာ မဲဆွယ်စည်းရုံး မှုများလုပ်ဆောင်နေကြောင်း သိရ သည်။

”ဒီနေ့က စည်းရုံးရေးဆင်း နေတာ ဟောပြောပွဲတွေနဲ့ စည်းရုံး ရေးဆင်းတယ်။ ကျွန်တော်တို့ ကျေးရွာအလိုက် ရွာအလိုက်မဲ ဆွယ်စည်းရုံးမှုတွေ လုပ်နေတယ်။ ကျွန်တော်တို့ဒီနေ့ ခမ်းပါတ်မြို့ ကနန်စံပြကျေးရွာ၊ ရွာသစ်နဲ့ ရွာ ဟောင်းကိုရောက်ပြီး စည်းရုံးရေး တွေဆင်းနေတယ်၊ တွေ့ဆုံမှုက အခမ်းအနားနဲ့သတ်မှတ်နေရာတွေ မှာလူစုပြီး ကိုယ့်ပါတီကို မဲထည့် ဖို့စည်းရုံးမှုတွေလုပ်နေတယ်”ဟု ဦးရိုထန်းပွီးယာက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် စက်တင်ဘာ၃ရက်မှစတင်၍ နိုဝင် ဘာ ၁ရက်ထိ နံနက် ၆ နာရီမှ ည ၁၂နာရီထိ မဲဆွယ်စည်းရုံးနိုင် မည်ဖြစ်ပြီးမဲဆွယ်စည်းရုံးရန် ရက် ပေါင်း၆ဝ သတ်မှတ်ခွင့်ပြုထားပြီး ဖြစ်သည်။

Union daily