ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပါဝင်လှူဒါန်းနိုင်

နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန်အား ချစ်ခင်လေးစားသူ ပရဟိတအသင်းအဖွဲပေါင်း (၂၈) ဖွဲ့ခန့်က နေပြည်တော်၊ ညောင်ပင်ကြီးစု ရှေးဟောင်းသိမ်ကျောင်းကျောင်းတိုက်တွင် ကဆုန်လပြည့်အခါသမယ၌ ကျင်းပမည့် ကဆုန်ညောင်ရေသွန်းပွဲနှင့် သံဃာတော် (၅၀၀) ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းက ပါဝင် လှူဒါန်းသွားမည်ဖြစ်ပါသည်။

လက်ရှိတွင် ရွှေပြည်တော်သို့ဆုံမှတ်မှ သံဃာတော်အပါး (၂၅၀) တာဝန်ရ ယူထားပြီး အခြားအလှူရှင်များ က အပါး (၁၅၀) စာ ရရှိပြီးဖြစ်ရာ သံဃာတော် (၁၀၀) ခန့်အတွက်သာလှူဒါန်းနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပြီး တစ်ပါးလျှင် အလှူတော်ငွေ ကျပ် (၁၃၀၀၀) နှုန်းဖြင့် လှူဒါန်းနိုင် ပါကြောင်း သိရှိရသည်။

ဆက်သွယ်ရန်
ဦးသွင်စစ်မာန်အောင်
ပညာ့အလင်း အခမဲ့ပညာဒါနကျောင်း
0943207448
ဦးအောင်ပိုင်မင်း
ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း
၀၉၄၂၀၇၂၂၂၂၂
နှင့် ဦးဆောင်ကော်မတီဝင်များ

# Aung Paing Min