တွစ်တာတွင် ဓာတ်ပုံနှင့် ပို့စ်တင်ခဲ့သည့် ပေါ့ဂ်ဘာကို မန်ယူ အရေးယူမည်

မန်ယူနည်းပြအဖြစ်ကနေ မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် လေးစားမှုမရှိတဲ့သဘောနဲ့ တွစ်တာမှာ ဓာတ်ပုံနဲ့ ပို့စ်တင်ခဲ့တဲ့ ပေါ့ဂ်ဘာကို အရေးယူဖို့ရှိတယ်လို့ သိရပါတယ်။

မန်ယူအသင်းက မော်ရင်ဟိုကို ထုတ်ပယ်လိုက်တယ်လို့ ကြောညာပြီးနောက် ဘေးတံစောင်းကြည့်နေတဲ့ သူ့ရဲ့ပုံကိုတင်ပြီး ခေါင်းစဉ်တပ်ပေးပါဆိုတဲ့ပို့စ်ကို တွစ်တာမှာ တင်ခဲ့တာပါ။

ဒီတွစ်တာပို့စ်ကို ၁၀ မိနစ်အတွင်းမှာ ပေါ့ဂ်ဘာက ဖျက်ပစ်လိုက်ပေမယ့် ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

မန်ယူနောက်တန်းကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ ပေါ့ဂ်ဘာရဲ့ ရေးသားမှုနဲ့ ပတ်သက်ပြီး “ဒါမျိုးကျတော့ မင်းက ကောင်းကောင်းလုပ်တယ်တယ်” ဆိုပြီး ပြန်လည် ရေးသားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ မော်ရင်ဟိုနဲ့ လေ့ကျင့်ရေးကွင်းမှာ စကားများခဲ့ဖူးပါတယ်။

နည်းပြမော်ရင်ဟို ထုတ်ပယ်ခံရတဲ့အချိန်မှာ မလေးစားတဲ့ အပြုအမူမျိုး တွစ်တာပေါ်တင်ခဲ့တဲ့အတွက် မန်ယူအသင်းက စုံစမ်းစစ်ဆေးပြီး အရေးယူသွားဖို့ရှိတယ်လို့ ဒေးလီးမေးလ် သတင်းစာက ရေးသားခဲ့ပါတယ်။

 —Ref: Skysports