ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဉ်(၄)နှင့်(၂၀၁၈) ဗဟိုအမျိုးသမီးညီလာခံအစည်းအဝေးမှ အတွေ့အကြုံရှင်းလင်းခြင်း

 

လွိုင်ကော်၊ ဒီဇင်ဘာ ၂၀

ယနေ့ ၂၀-၁၂-၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ နေ့လည် (၁း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးနှင့်(၂၀၁၈) ဗဟိုအမျိုးသမီးညီလာခံအစည်းအဝေးမှ အတွေ့အကြုံရှင်းလင်းခြင်းကို ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အပေါ်ထပ် အစည်းအဝေးခန်း တွင် ကျင်းပပြုလုပ်ပါသည်။

ပထမဦးစွာ ဗဟိုအလုပ်အမှုဆောင် ကယားပြည် နယ်၊ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း မှ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၁၃)နှင့် (၁၄)ရက်နေ့ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဉ်(၄)အား ရှင်းလင်းဆွေးနွေးပြီး ဒီဇင်ဘာလ (၁၁)နှင့်(၁၂)ရက်နေ့ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင်ကျင်းပသော ဗဟိုအမျိုးသမီးညီလာခံ (၂၀၁၈)အတွေ့အကြုံအား ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်ဒေါရစ်လေးမှ အတွေ့အကြုံများ အား ရှင်းလင်းဆွေးနွေးသွားပါသည်။

ယင်းနောက် တက်ရောက်လာကြသော ကယားပြည် နယ် အတွင်းရှိ ခရိုင်/မြို့နယ်အလိုက် သိရှိလိုသည် များကိုမေးမြန်းကာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းဆွေးနွေးကြပါသည်။

ယင်းအတွေ့အကြုံရှင်းလင်းပွဲသို့ ဗဟိုအလုပ်အမှု ဆောင် ကယားပြည်နယ်၊ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ဗဟိုကော်မတီဝင်များ လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်ပါတီ နာယကများ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်နှင့် ပြည်နယ်ကော်မတီဝင်များ ပြည်နယ်အရံကော်မတီဝင်များ လွိုင်ကော်ခရိုင် ဘောလခဲခရိုင်နှင့် မြို့နယ်(၇)မြို့နယ်မှ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများ စုစုပေါင်း အင်အား (၄၅)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ