ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌမှ မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

အရာတော် ၊ ဒီဇင်ဘာ – ၁၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမ၌ နေ့  (၂) နာရီတွင် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း နှင့် မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်သည်။

ယင်းအစည်းအဝေးသို့  ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ ခရိုင်အတွင်းရေးမှုး ဦးရဲနိုင်ထွန်း၊ ခရိုင်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမြင့်အောင် ၊ ဦးတင်ဇော်၊မြို့နယ်ပါတီဥက္ကဌ ဦးကံထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

လင်းခေတ် သွေး