မဟာမာရ်အောင်စေတီတော်ကြီးရေတိုက်စားခြင်းမရှိစေရေး ပြည်ခိုင်ဖြိုးပါတီနှင့် ရွှေပြည်တော်ဆုံမှတ်မှ လုပ်အားပေးဆောင်ရွက်လျက်ရှိ

 

ပဲခူး ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီခရိုင် လက်ပံ တန်းမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာတွင် တည်ထားကိုးကွယ် တော်မူသော နှစ်ပေါင်း ၂၅ဝ ကျော်ပြီဖြစ်သည့် ဆုတောင်းပြည့် မဟာမာရ်အောင်စေတီတော်အား ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဘုရားစေတီတော်ရေမခစေရေးလုပ်ငန်းခွင်အား ပြည်ခိုင်ဖြိုးပါတီ၊ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းနှင့်ပြည်သူများမှ သဘာဝ ဘေးဒဏ်ကာကွယ်ရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိရာ ယနေ့သည် ၁၂ရက်မြောက်ဖြစ်သည်။

ယနေ့တွင် လက်ပံတန်းမြို့နယ်နှင့် မိုးညိုမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ကော်မတီ ဝင်များ၊သီဟသွေးလူငယ်များ၊အမျိုးသမီး ရေးရာပါတီဝင်အဖွဲ့များမှလည်း နေ့စဉ် မပြတ် ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတ အသင်း၊ ပြည်သူလူထုနှင့်အတူပူးပေါင်း ပါဝင်ကာ ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့ သည့်ရက်များက ရွှေပြည်သာ ပြည်ခိုင်ဖြိုး ပါတီမှဦးဆောင်မှုနှင့် အတူပါတီဝင်များ မှလည်း လာရောက်လှူဒါန်းခဲ့ကြသည်။

ဘုရားစေတီရေမခစေရေးလုပ်ငန်းခွင် အတွက် လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်း ကုန်ကျစရိတ်များစွာရှိနေသည့် အတွက် အလှူငွေများ လှူဒါန်းလိုပါက လှူဒါန်းနိုင်ကြောင်း သိရသည်။

T.H.O