ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပေါင်းတည် ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီ ၁၅ မိနစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းသည် ပဲခူးတိုင်းဒေသကြီး(အနောက်)မှ တိုင်း ခရိုင် ပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများဖြစ်ကြသော တိုင်းဒေသကြီးပါတီဒုဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ အတွင်းရေးမှူးဦးကျော်ကျော်လင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များလိုက်ပါ၍ ပေါင်းတည်မြို့နယ်၊ သဲကုန်းမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာတာဝန်ခံများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများက ပါတီ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြီး မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များမှ လက်ရှိဖြစ်ပေါ်နေသော မြို့နယ်တွင်းအခြေအနေများကို ပြန်လည်တင်ပြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဟန်ဝင်းရွှေ(ပေါင်းတည်)