ပြည်ခိုင်ဖြိုးပါတီနယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား အခမဲ့ဆေးကုသမှုဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၁၆

ရန်ကုန်မြောက်ပိုင်းခရိုင်အင်းစိန် မြို့နယ် ရွာမအနောက်ရပ်ကွက် ပုညကာရီဓမ္မာရုံတွင် ခရိုင်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဦးဆောင်သော ဖြိုးစေတနာ (အခမဲ့) နယ်လှည့်အထွေထွေရော ဂါဆေးကုသရေးအဖွဲ့သည်အင်းစိန် မြို့နယ် ရွာမအနောက်ရပ်ကွက်
ပုညကာရီဓမ္မာရုံတွင် ရပ်ကွက်နေပြည်သူ များအား ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ဆေးဝါး ကုသမှု ပြုလုပ်ပေးခဲ့သည်။

အဆိုပါအဖွဲ့ကို နယ်လှည့်ဆေးကုသ ရေးအဖွဲ့ခေါင်းဆောင် မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူးဦးကြည်စိုး ဦးဆောင်ပြီး ခရိုင်ကော်မတီဝင် နယ်မြေ တာဝန်ခံဦးထွန်းထွန်းဦး၊ အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးစိုးသန်း နှင့်ကော်မတီဝင်များ၊ ရွာမအနောက် ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးကြည်တင်နှင့် ကော်မတီဝင်များ၊ အထူးကုဆရာဝန်ကြီး များနှင့် ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်း ကျင်သူများပါဝင်သည်။

အဆိုပါဆေးကုသမှုဆောင်ရွက်ရာ တွင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဦးကြည်စိုး၊ ခရိုင်ကော်မတီဝင် နယ်မြေ တာဝန်ခံဦးထွန်းထွန်းဦး၊ ရွာမအနောက် ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးကြည်တင်နှင့် ကော်မတီဝင်များက ဆေးကုသမှုလာ ရောက်ခံယူနေသော မိဘပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်ချက်များအား ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ခြင်းနှင့် ဆေးကု သရန်လာရောက်ကြသူများအား ညနေ ၅ နာရီအထိ ကုသပေးခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)