ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ ဗီယက်နမ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်

 

၁၉-၁၂-၂၀၁၈

ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ၁၈-၁၂-၂၀၁၈ ရက်နေ့ (၀၈၃၀)နာရီတွင် ဟိုချီမင်းပြတိုက်သို့ သွားရောက်လေ့လာခြင်း၊ (၁၀၁၀)နာရီတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီဌာနချုပ်သို့သွားရောက်၍ ဗီယက်နမ်ကွန်မြူနစ်ပါတီမှ နိုင်ငံတကာဆက်ဆံရေး ဗဟိုကော်မရှင်ဥက္ကဋ္ဌ H.E.Mr.Hoang Binh Quan ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်ပါတီ အကျိုးတူလုပ်ငန်းများဆွေးနွေးခဲ့ကြပြီး (၁၂၀၀)နာရီတွင် H.E.Mr.Hoang Binh Quan တည်ခင်းသည့် နေ့လည်စာအား အတူတကွ သုံးဆောင်ခဲ့ကြပါသည်။

ဆက်လက်၍ (၁၄၃၀)နာရီမှ (၁၆၀၀)နာရီထိ ဗီယက်နမ်ကွန်မြူနစ်ပါတီ စည်းရုံးရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mr.Ha Binh နှင့် ပါတီစည်းရုံးရေးဆိုင်ရာများ ဆွေးနွေးခြင်း၊ (၁၆၄၅)နာရီထိ ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် H.E.Mr.Tran Quor Vuong နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး (၁၇၀၀)နာရီတွင် တည်းခိုရာဟိုတယ်သို့ ရောက်ရှိ ညအိပ်ရပ်နားခဲ့ပါသည်။