မက်ဒီဆင် စကွဲ ဂါးဒင်းတွင် ထိုးသတ်ခဲ့သောပွဲ၌ ကာနယ်လိုအယ်လ်ဗာရက်စ်က ဗြိတိန်နိုင်ငံသား ရော့ကီဖီးလ်

ဒင်းအတွက် အလွန်အားကောင်းနေပြီး အယ်လ်ဗာရက်စ်က သုံးချီအတွင်း ဖီးလ်ဒင်းကို နည်းစနစ်ပိုင်း အလဲထိုး သတ်မှတ်ချက်ဖြင့် အနိုင်ရရှိကာ WBA စူပါမစ်ဒယ် ဝိတ်ခါးပတ် ရရှိခဲ့သည်။

မက္ကဆီကိုနိုင်ငံသားအယ်လ် ဗာရက်စ်က ပွဲအစတွင်စိတ်ကြိုက် ထိုးသတ်ခဲ့ပြီး ဖီးလ်ဒင်း၏ခန္ဓာ ကိုယ်သို့ ထိရောက်သော လက်သီး အများအပြား ပစ်သွင်းနိုင်ခဲ့သည်။ ယင်းထိုးချက်များနှင့်အတူ ဖီးလ်ဒင်းသည် လေးကြိမ်တိုင် ကြမ်း ပြင်ပေါ် လဲကျခဲ့သည်။

အယ်လ်ဗာရက်စ်၏ ဘယ်ဝိုက်လက်သီးချက်ကြောင့် ဖီးလ်ဒင်း ဒူးထောက်ကျပြီးနောက် ဒိုင်ကပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းနိုင်ပွဲနှင့်အတူ အယ်လ်ဗာရက်စ်၏ စံချိန် ၅၁-၁- ၂ သို့ ရောက်ရှိလာသည်။

ဖီးလ်ဒင်းသည် အရပ် ၆ ပေ၊ ၁ လက်မရှိပြီး သုံးလက်မခန့် လက်တံပိုရှည်သော်လည်း မေဝယ်သာကိုသာ ၂၀၁၃ က ရှုံးနိမ့် ဖူးသော အယ်လ်ဗာရက်စ်က ဝိတ်တန်းသုံးခုချန်ပီယံ အစွမ်းပြသခဲ့သည်။

‘‘ကျွန်တော်ကြံ့ခိုင်မှု ပြန့်နေတယ်လို့ ခံစားရတယ်။ အကောင်းဆုံးလုပ်ပြခဲ့ပြီး အရမ်းပျော်ပါတယ်’’ ဟု အက်လ်ဗာရက်စ်က ပြောသည်။

မိမိအနေဖြင့် ယခုနိုင်ပွဲနှင့်အတူ ၂၀၁၈ အတွင်း အောင်မြင်မှုမှန်သမျှကို ပျော်ရွှင်စွာခံစားပြီးနောက် ဘာလုပ်ရမည်ကို စဉ်းစားမည်ဟု မက္ကဆီကို ချန်ပီယံက ကြေညာသည်။

—Ref:Reuters