ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

ရန်ကုန် အောက်တိုဘာ ၈

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ အင်အား ၅၄ ဦးတို့ သည် ယမန်နေ့ နံနက် ၇ နာရီက သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် မြတ်ကြီးတွင် သန့်ရှင်းရေးစုပေါင်း လုပ်အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးစုပေါင်း လုပ်အားပေးပွဲတွင် ရန်ကုန်တောင် ပိုင်းခရိုင် ခရိုင်ကော်မတီဝင် ဦးရန် နိုင်ရွှေ၊ သန်လျင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးကျော်မင်း၊ အတွင်း ရေးမှူးဦးအောင်ကိုဝင်းနှင့် ကော် မတီဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်မြင့်မြင့်ထွေး နှင့်ပါတီဝင် အမျိုးသမီးများက ကျိုက်ခေါက်စေတီတော်မြတ် အနောက်ဘက် ရှုခင်းသာတိုးချဲ့ ဆောင်အောက်ဘက်နှင့် စေတီ တော်ရင်ပြင်ပေါ်တွင် သန့်ရှင်းရေး စုပေါင်းလုပ်အားပေးခဲ့ကြသည်။

ထို့နောက် ရှေးဟောင်းသမိုင်း ဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီ တော်မြတ်ကြီး အရှေ့ဘက်တွင် တည်ဆောက်နေသော အဆင့်မြင့် စက်လှေကား၊ ဓာတ်လှေကား အတွက် အလှူငွေကျပ်တစ်သိန်း အား မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်မြင့်မြင့်ထွေးနှင့် ပါတီဝင်အမျိုးသမီးများက ပေး အပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်ခိုင်(သန်လျင်)