ဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုဂုဏ်ပြု သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပြည်သူ့အကျိုးပြုလုပ်ငန်းများစုပေါင်းဆောင်ရွက်

 

တနင်္သာရီ အောက်တိုဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်-တနင်္သာရီမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုဖြင့် ပထမအကြိမ်လွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ် ပါတီကော်မတီဝင်များ၊အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၇ဝ တို့သည် ယမန်နေ့ နံနက် ၉ နာရီခွဲက တနင်္သာရီမြို့ ချောင်းရပ်ကွက် ရိပ်သာဘုန်းတော်ကြီးကျောင်းရှိ သဘာဝဘိုးဘွားရိပ်သာတွင် နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ၄င်းရိပ်သာအတွင်း ပတ်ဝန်းကျင် တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ သဘာဝဘိုးဘွား ရိပ်သာဦးစီးပဓာန ဆရာတော် အရှင်သုန္ဒရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ၍ ဆရာတော်က ”ခေါင်းဆောင်ကောင်းများဖြစ် ကြပါစေ”ဟူသော တရားတော်ကို ချီးမြှင့်ပေးတော်မူပြီး ရေစက်သွန်း ချ အမျှပေးဝေကာ ဆရာတော် သံဃာတော်များနှင့်သီလရှင်များအား နေ့ဆွမ်းနှင့်နဝကမ္မများ ဆက်ကပ် လှူဒါန်းခြင်းနှင့်ဘိုးဘွားခြောက်ဦး အား မုန့်ပုံးတစ်ပုံးစီ လှူဒါန်း ပေးအပ်ကန်တော့ခဲ့ကြောင်း သိရ သည်။

ထို့နောက် ဘိုးဘွားရိပ်သာ ပတ်ဝန်းကျင်ရှိ မြက်များနုတ်၍ ရှင်းလင်းဖယ်ရှားပေးခြင်း၊ သစ်ပင် ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ဖယ်ရှားခြင်း နှင့်ထင်းပိုင်းများအား သိုလှောင် ထားရန်နေရာသို့ သယ်ယူပို့ဆောင် ပေးခြင်းများကို စုပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း