ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

တိုက်ကြီးပြည်ခိုင်ဖြိုး အောက်တိုဘာ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီ မိနစ်၃၀ အချိန် တိုက်ကြီးခရိုင်ကော်မတီရုံး၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုက်ာမတီဝင် ဒေါက်တာ-နေလင်း၊ တိုက်ကြီးခရိုင် ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ စုစုပေါင်း ၃၅ ဦး တက်ရောက်သည်။

ရှေ့ဦးစွာ ဗဟိုကော်မတီဝင်ဒေါက်တာနေလင်းက တတိယအကြိမ် ဗဟိုပါတီညီလာခံ အတွေ့အကြုံကို ရှင်းလင်း တင်ပြခြင်း၊ ရွေးကောက်ပွဲ PR စနစ်အကြောင်းရှင်းလင်းခြင်းနှင့် ပါတီ၏ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွန်မှာကြားသည်။

ယင်းနောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ ခရိုင်ပါတီ၏ လက်ရှိဆောင်ရွက်ထားမှုအခြေအနေများအား

မြေပုံနှင့် တကွရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါက်တာနေလင်းက တက်ရောက်လာသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်စကားပြောကြားပြီးအခမ်းအနားအား ရပ်နားခဲ့ကြောင်း သိရသည်။