ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ်သော လူငယ်စကားဝိုင်းသို့ လူငယ်ရေးရာတာဝန်ခံတက်ရောက်

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရန်ကုန်တိုင်း​ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းအား ယနေ့နံနက် (၁၀၀၀)အချိန်က မင်္ဂလာဒုံမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ အဖွဲ့ဝင် ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်ဘွားနှင့် ဦးကောင်းသန့်အောင်မျိုး၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်အတွင်းရေးမှူး ဦးအောင်ပြည့်ဖြိုးတို့မှ မျက်မှောက်မြန်မာ့နိုင်ငံရေး အခြေအနေများအား ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးချက်များအပေါ် တက်ရောက်လာသောလူငယ်များက ပြန်လည်ဆွေးနွေးခဲ့ပြီး ပါတီဗဟို အလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ အဖွဲ့ဝင် ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်၊ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ကော်မတီဝင်များ ပါတီအား စိတ်ဝင်စားသူ လူငယ်အချို့တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။