Covid ကာလအတွင်း အခက်အခဲရှိနေသူ ပြည်သူများအား ရွှေပြည်တော်သို့ဆုံမှတ် အသင်းမှ ဆန်အလှူတော် ပြုလုပ်ရာသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌလာရောက်အားပေး

 

လှည်းကူး၊ ဩဂုတ် (၁၀)

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နဲ့ ဇနီး ​ဒေါ်ခင်​ခင်​ဝင်းတို့ကို အမှူထား၍ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်းသည်​ `ပြည်​သူမှ ပြည်​သူသို့ ´အစီအစဉ်​အဖြစ်​ Covid -19 ကာလအတွင်း အခက်အခဲရှိနေတဲ့ ပြည်သူများကို ဆန်လှူဒါန်းတဲ့ အလှူတစ်ခု ရက်ဆက်ပြုလုပ်လျက်​ရှိရာ ယ​မန်နေ့ နံနက်​ပိုင်းတွင် ရန်​ကုန်​တိုင်း​ဒေသကြီး လှည်းကူးမြို့ပေါ်က “လယ်ပေါ်ကျောင်းတိုက် ဓမ္မာရုံ” တွင်​ ကျွန်းကလေးရွာနဲ့ သပြေရိုးရွာ ရှိ မိသားစု ၁၃၈ စု ကို တစ်အိမ်ထောင် ဆန် (၆) ပြည်နူန်းနဲ့ ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။

နေ့လည်ပိုင်း​​တွင်​ လှည်းကူးမြို့နယ် သာယာကုန်းနဲ့ ကျောက်အိုင် ​ကျေးရွာများရှိ မိသားစု (၉၂) စုကို ကျောက်အိုင်ဘုန်းကြီးကျောင်းဓမ္မာရုံမှာ သွားရောက်လှူဒါန်း ခဲ့ကြသည်​။

အဆိုပါလှုဒါန်းမှုများ​ ဆောင်​ရွက်​ရာသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဌ ဦးခင်​​မောင်​စိုးသည်​ တိုင်းပါတီ အလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော ဦးခင်​​မောင်​တင့်​နှင့်​​ ဒေါ်မိုးမိုးအိတို့ လိုက်​ပါ၍ ​​​ကျောက်​အိုင်

ကျောင်း ဆရာ​တော်​အား ဆွမ်းဆန်​​တော်​ (၂) အိတ်​ နှင့်​လှုဖွယ်​ဝတ္တုများ ကပ်​လှုပြီး ​ရွှေပြည်​​တော် ဆုံမှတ်​ ပရဟိတ အသင်း၏ ဆန်​အလှု​တော်​ လှုဒါန်း​မှုများအား သွား​ရောက်​၍ အား​ပေးချီးမြှင့်​ခဲ့သည်​။

bobo(ygn)