ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးစိုးနိုင် ကျေးရွာရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ကျေးရွာပါတီဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်

 

ဖျာပုံ ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးစိုးနိုင်သည် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစန်းမောင် နှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲက ဖျာပုံမြို့နယ် ဦးပေကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာပြည်သူရပ်မိ ရပ်ဖများ၊ပါတီဝင်များနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့သည်။

ထို့နောက် ဆက်လက်ထွက်ခွာရာ နံနက် ၉ နာရီခွဲတွင် ဖျာပုံမြို့နယ် ဘဝသစ် ကျေးရွာအုပ်စု အရှေ့ဖျားကျေးရွာ သို့ ရောက်ရှိပြီး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအားစက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပြီး ကျေးရွာရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့ များ၊ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ထို့နောက် အရှေ့ဖျားကျေးရွာရှိ ဗြဟ္မာစိုရ်ပီတီ ပရဟိတအဖွဲ့အား အလှူငွေကျပ် ၁ဝဝဝဝဝ လှူဒါန်းခဲ့ပြီး အခမ်းအနားကို မွန်း တည့် ၁၂ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။