ပေါင်းတည်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဗဟိုအရန်ကော်မတီဝင် (တိုင်းပါတီကော်မတီဝင်) ဦးကျော်မြင့်က သဘာပတိအဖြစ် ဆောက်ရွက်ခဲ့ပြီး ဗဟိုကော်မတီဝင် (ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပါတီအတွင်းရေးမှူး) ဦးအောင်ချိုဦး၊ ဗဟိုကော်မတီဝင် (တိုင်းပါတီကော်မတီဝင်) ဒေါ်ခင်ရွှေမြင့်၊ တိုင်းပါတီကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဌေး၊ ပြည်ခရိုင် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးအောင်၊ ဦးသောင်းထွန်း၊ ဒေါ်ဆွေဆွေသင်း ၊ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါက်တာခင်မောင်လေး၊ ဦးအောင်မြင့်သိန်း၊ ဦးလှဖေ နှင့် မြို့မိမြို့ဖများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု စည်းရုံးရေးမှူးများ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

Credit -စစ်နိုင်
095376354


Leave a Reply