ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကျင်းပ

 

ပန်းတနော် ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီမှစတင်၍ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပန်းတနော်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ် ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မိမိတို့ပါတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ လုပ်ငန်းများမှအားသာ ချက်၊အားနည်းချက်များကို တစ်ဦးချင်းဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။

မောင်ခိုင်ဖြိုး(ပန်းတနော်)