ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ် ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် တက်ရောက်

 

အောင်လံ မတ် ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ် ဗဟိုအတွင်းရေး မှူး ဦးတင်အောင်ချစ်သည် ယခု လ ၁၁ ရက် မွန်းလွဲ ၃ နာရီက မကွေးတိုင်းဒေသကြီးသရက်ခရိုင် အောင်လံမြို့နယ် ရွှေပန်းတော အခြေစိုက် ဗြန်ဒီကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပ သောပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်ပြီး ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ကြောင်း၊
အခမ်းအနားတွင် အောင်လံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းလွင်က ပါတီကို နှစ်သက်ယုံကြည်၍ ဝင်ရောက်လာခြင်းဖြစ်ပြီး ဆက်လက်၍ ပါတီဝင် မည့်သူများရှိနေသေးကြောင်းဖြင့် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ ဗြန်ဒီကျေးရွာပါတီဥက္ကဋ္ဌ ဦးကျော်မြင့်စိန်က ပါတီဝင် လျှောက်လွှာ ၅ဝ ကို ပေးအပ်ရာ ဗဟိုအတွင်းရေးမှူးက လက်ခံရယူ ခဲ့ကြောင်း၊ ဆက်လက်၍ ဗဟိုအတွင်းရေးမှူးက ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ အဖြစ် ငွေကျပ် ၂၅ဝဝဝဝ လှူဒါန်းရာ ရပ်မိရပ်ဖဦးကြင်လေးက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနား သို့ အောင်လံမြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၁ဝဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ်သည် ယခုလ ၁၂ ရက် နံနက် ၁ဝ နာရီက အောင်လံမြို့နယ်ပါတီခန်းမ၌ ကျင်းပသော ရေနံကြီးအခြေစိုက်မှ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ တာဝန်ပေးအပ်ခြင်းနှင့် ရေးရာကော်မတီအလိုက် တာဝန်ပေးအပ်ခြင်း အခမ်းအနားသို့ တက် ရောက်ခဲ့ကြောင်း၊အခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ ရေနံကြီး အခြေစိုက်၊ မြို့မတောင်အခြေစိုက်နှင့် မြို့ပေါ် ကိုးရပ်ကွက်တို့မှ ပါတီဝင် များ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ရပ်/ ကျေးပါတီဥက္ကဋ္ဌများက လုပ်ငန်းအတွေ့အကြုံများ၊ အခက်အခဲများ၊ စည်းရုံးဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို တင်ပြရာ ဗဟိုအတွင်းရေးမှူးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ပါတီ၏ လုပ်ငန်းဆောင် ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားကို မွန်းလွဲ ၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့ပါသည်။