အင်္ဂလန်မှာ ဇီဒန်း နည်းပြလုပ်ဖွယ်မရှိ

နည်းပြမော်ရင်ညိုကို ရာထူးကနေ မန်ယူ ထုတ်ပယ်ခဲ့ပါက ရီးရဲလ်နည်းပြဟောင်း ဇီဒန်းဟာ မန်ယူနည်းပြ ဖြစ်လာဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေချိန်မှာ ဇီဒန်းအနေနဲ့ အင်္ဂလန် ကလပ်အသင်း တစ်သင်းကို ကိုင်တွယ်ဖွယ် မရှိဘူးလို့ သူ့ရဲ့အေးဂျင့်က ပြောခဲ့ပါတယ်။

မော်ရင်ညိုရဲ့ မန်ယူဟာ နယူးကာဆယ်နဲ့ပွဲမှာ နောက်ကနေလိုက်ကစားပြီး ပွဲအပြီးမှာ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လက်ရှိမှာ မန်ယူဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့်(၈)နေရာမှာ ရပ်တည်နေကာ နာမည်ကျော်တွေဖြစ်တဲ့ ကွင်းလယ်လူပေါ့ဘာနဲ့ နည်းပြမော်ရင်ဟိုတို့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့်လည်း ဇီဒန်းရဲ့အေးဂျင့်က “အင်္ဂလန်မှာ ဇီဒန်း နည်းပြဖြစ်လာမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဇီဒန်းနဲ့ ကျွန်တော် ဆွေးနွေးခဲ့ပြီးပါပြီ။ ပရီးမီးယားလိဂ်ကစားဟန်က သူ့ကို မဆွဲဆောင်နိုင်ပါဘူး။ သူဟာ တစ်နှစ် အနားယူဖို့ ရွေးချယ်ထားပါတယ်။ တစ်နှစ်မပြည့်ခင် နည်းပြလောကထဲသူ ၀င်လာဖို့ မရှိသေးပါဘူး”လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်အသင်းကို ချန်ပီယံလိဂ်ဖလား(၃)ကြိမ်ဆက်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ဇီဒန်းဟာ နွေရာသီမှာ ရီးရဲလ်နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ဇီဒန်းဟာ ၂၀၁၇မှာ ရီးရဲလ်နဲ့အတူ လာလီဂါဖလားဆွတ်ခူးနိုင်ခဲ့သလို စပိန်စူပါဖလား(၂)ကြိမ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား(၂)ကြိမ် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဇီဒန်းဟာ ရီးရဲလ်အသင်းကို (၁၄၉)ပွဲ ကိုင်တွယ်ခဲ့ရာမှာ (၁၀၄)ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

—Ref: Sky sports