ကြားဖြတ်​​ရွေး​ကောက်​ပွဲ ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​စိုက်​ထူ

 

မင်းဘူး၊ ​အောက်​တိုဘာ ၁

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူး (စကု) မြို့နယ်​ ​အောင်​နိုင်​​ရေး ဆိုင်းဘုတ်​ကို အောက်တိုဘာ (၁) ရက်နေ့ နံနက်​ ၈ နာရီခွဲက မင်းဘူးမြို့ အမှတ်​ ၃ ရပ်​ကွက်​တွင်​ ​စိုက်​ထူခဲ့​ကြောင်း သိရသည်​။
ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ လစ်​လပ်​မဲဆန္ဒနယ်​ဖြစ်​​သော မင်းဘူးမြို့နယ်​မဲဆန္ဒနယ်​အမှတ်​ ၂ တိုင်း​ဒေသကြီးလွှတ်​​တော်​​နေရာအတွက်​ ပြည်​ခိုင်​ဖြိုး
ပါတီကိုယ်​စားပြု ဝင်​​ရောက်​အ​ရွေးချယ်​ခံမည့် ဦးစိန်​​ရွှေမင်းအတွက်​ ​အောင်​နိုင်​​ရေးဆိုင်းဘုတ်​စိုက်​ထူခြင်းဖြစ်​ပြီး အဆိုပါဆိုင်းဘုတ်​ထူခြင်းသို့ မ​ကွေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​ ဦး​ကျော်​သူဦးနှင့် ​အောင်​နိုင်​​ရေးအဖွဲ့ဝင်​များ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

မင်း​ဇော်