ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်ရာအခမ်းအနားသို့ ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကန်တော့

 

၇၉ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်ရာ အခမ်းအနားအား ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ကာ ဂုဏ်ပြုလွမ်းသူ့ပန်းခွေဆက်ကပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ပြီး နိုင်ငံရေးပါတီအဖွဲ့အစည်းအသီးသီးနှင့် မြို့နယ်လူထုများမှ လွမ်းသူ့ပန်းခွေများဖြင့် စည်ကားသိုက်မြိုက်စွာ မြို့ကိုလှည့်လည်ပြီး လောကမာရ်ဇိန်ဘုရားကြီးသိမ်တော်၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြို့ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း၊ အတွင်းရေးမှူး ဦးမောင်ကျော်တင်နှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ ရုံးဝန်ထမ်းများ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ပါတီမှ ပေးပို့သော ၇၉ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ဂုဏ်ပြုသဝဏ်လွှာ ကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်းမှ ဖတ်ကြားခဲ့သည်။

USDP PNG